Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ဂဏန်းအုန်းနို့ မဆလာဟင်း


ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ပင်လယ်စာ ဂဏန်းကြိုက်သူများတွက်

အိမ်တွင်လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ဂဏန်းအုန့်နို့ မဆလာဖြင့် ချက်နည်းကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဂဏန်း၊ ကြက်သွန်မြိတ်၊ သကြား၊ ဆီ၊ ဆား၊ ငရုတ်တောင့်နီ၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ မန်ကျည်းသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ နနွင်းမှုန့်၊ ငရုတ်သီးပွ၊ မဆလာနှင့် အုန်းနို့ တို့ လိုအပ်ပါမယ်။

 

အရင်ဆုံး ဂဏန်းကို ရေသန့်စင်ပြီး ခြေထောက်လက်တောက်သတ်သတ်၊ အကောင်ကြီးလျှင် နှစ်ပိုင်း ပိုင်းပေးထားပါ။ ပြီးလျှင် ငံပြာရည်၊ ဟင်းခတ်မှုန့်တို့နှင့် ရောနယ်ထားပါ။

 

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဒဲကော၊ စပါးလင်၊ ငရုတ်သီးတို့ကို ညက်နေအောင်ထောင်းထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲကို ဆီထည့်ပြီး အုန်းနို့ကို ရေခမ်းပြီး မွှေသည်အထိ ဆီသတ်ပေးပါ။ ပြီးလျှင် ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဒဲကော၊ စပါးလင်၊ ငရုတ်သီးတို့ကိုရောပြီး ဆီသတ်ပေးပါ။ ပြီးတော့မှ ဂဏန်းများပေါင်းထည့်ပြီး မွှေပေးပါ။



ပြီးလျှင် ငံပြာရည်၊ သကြား၊ ဟင်းခတ်မှုန့်တို့ထည့်လိုက်ပါ။ ပြီးလျှင် ဂဏန်းမြှုပ်သည်အထိ ရေထည့် အဖုံးဖုံးထားပါ။

 

ပြီးနောက် မဆလာ၊ ကြက်သွန်မြိတ်၊ ငရုတ်စိမ်းတောင့်အနီတို့ ရောထည့်ပြီးလျှင်တော့ အရသာမြည်းကြည့်ပြီး မီးဖိုပေါ်မှချပြီး ဂဏန်းအုန်းနို့ မဆလာဟင်းကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 17 September 2018 13:46
Rate this item
(1 Vote)