Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးရာသီမှာ ရှောင်သင့်တဲ့အစားအစာများ

မိုးရာသီရောက်ရင်တော့ မိုးမိပြီး ဖျားနာခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းကြောင့် အချို့ က နေထိုင်မကောင်းဖြစ်တတ်ကြပါတယ်။ အောက်တွင် မိုးရာသီမှာ ရှောင်သင့်တဲ့ အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

 

ဟင်းသီးဟင်းရွက်များ

တချို့ဟင်းသီးဟင်းရွက်တွေကို မိုးတွင်းမှာ ရှောင်ရှားသင့်ပါတယ်။ ဟင်းရွက်တွေမှာ ပါဝင်တဲ့ အညစ်အကြေးတွေက ရောဂါပိုးမွှားအချို့ကို ဖြစ်စေနိုင်ပါတယ်။ အဖက်တွေများတဲ့ ဟင်းနုနယ်ရွက်၊ ဂေါ်ဖီတို့ကို ရှောင်းရှားသင့်ပါတယ်။

 

 

အကြော်များ

ဆီကြော်စာတွေကို မိုးရာသီမှာ ရှောင်သင့်ပါတယ်။ မိုးတွင်းဖြစ်တဲ့အတွက် အစာချေစနစ်ကို နှေးကွေးစေတာကြောင့် ဒီလိုရာသီမျိုးမှာ ဆီကြော်စာ စားတာများမယ်ဆိုရင် အဆီ ပိုတက်စေပါတယ်။

 

 

အချိုရည်

ဂက်စ်ပါတဲ့ အချိုရည်တွေက ကိုယ်တွင်းက အင်ဇိုင်းလှုပ်ရှားမှုကို လျော့ချပေးပါတယ်။ သင်က အစာခြေစနစ် နှေးကွေးတယ်ဆိုရင် ဒီလို ဂက်စ်ပါတဲ့ အချိုရည်ကို ရှောင်ရှားသင့်ပါတယ်။

 

 

သစ်သီး လက်ဖျော်

မိုးရာသီမှာ အသီးဖျော်ရည်သောက်တော့မယ်ဆိုရင် လတ်ဆတ်တဲ့အသီးကို ခွဲပြီး ဖျော်ရည်လုပ်သောက်သင့်ပါတယ်။ လမ်းဘေးဆိုင်တွေကတော့ အသီးတွေကို ကြိုခွဲထားပြီး ဖျော်ပေးတဲ့အတွက်ကြောင့် ပြင်ပလေနဲ့ ထိတွေ့ပြီး သစ်သီးတွေက မသန့်တာကြောင့် ဗိုက်နာတာမျိုးဖြစ်တတ်ပါတယ်။

 


ပင်လယ်စာ

မိုးတွင်းမှာ ငါးနဲ့ ပုစွန်တွေသားပေါက်တဲ့ ကာလဖြစ်တာကြောင့် ယင်းတို့ကို ရှောင်ရှားသင့်ပါတယ်။ ယင်းအစားကြက်သားနဲ့ ၀က်သားတွေကို ရွေးချယ်စားသောက်သင့်ပါတယ်။ ပင်လယ်စာက ဗိုက်နာတတ်တာကြောင့် စားမယ်ဆိုရင်လည်း သေချာချက်ပြုတ်ပြီးမှ စားသင့်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 11:35
Rate this item
(3 votes)