Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သံပရာရည်သောက်ခြင်း၏ အကျိုးကျေးဇူးများ

အေးမြတဲ့ သံပရာရည်ကို သောက်တာကြောင့် အရသာကို တိုးစေတဲ့ အပြင် ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူး အမြောက်အမြားကိုလည်း ပေးစွမ်းနိုင်ပါတယ်။

အကျိုးကျေးဇူးများကတော့ ရေဓာတ်ခန်းခြောက်မှုကို လျော့ကျစေတယ်။

 

အသည်းကို သန့်စင်ပေးတယ်။ အစာကြေညက် စေတယ်။

 

ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို အားကောင်းစေပါတယ်။

 

ယင်း အကျိုးကျေးဇူးတွေအပြင် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။ ၎င်းတွင် အကျိုးကျေးဇူးတွေ ရရှိတာက သံပရာသီးမှာ ဗီတာမင်စီများစွာ ပါဝင်လို့ဖြစ်ပါတယ်။

 

ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုးလည်း ဖြစ်တာကြောင့် ပတ်ဝန်းကျင်ရှိ အန္တရာယ် ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန်ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

 

ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအား ကောင်းစေပြီး သွေးတိုးကို ကျစေပါတယ်။

 

Read More >>>>> နေ့စဉ် လူတိုင်းစားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ

 

သံပရာသီးမှာ ဗီတာမင်အပြင် ဗီတာမင်အေ၊ ရက်တီနော်၊ ကယ်ရိုတင်း၊ ဘီတာခရစ် ပတိုဇန်သင်း၊ လူတင်၊ ဇီဇန်သင်း၊ ဖောလိတ်၊ ကိုလင်းစတဲ့ ဓာတ်တွေနဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လို သတ္တုဓာတ် တွေလည်း ပါဝင်ကြောင်း သိရပါတယ်။

 

Read times Last modified on Tuesday, 30 October 2018 17:39
Rate this item
(3 votes)