Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရခိုင်မှာ ဘင်္ဂလားပို့ကုန် ချင်းစိုက်မည်

ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူး သီးတောင်၊ မောင်တောမြို့တို့မှာ လာမယ့် မတ်လ ချင်း စိုက်ရာသီအတွင်း ၁၀ ဧက စမ်းသပ်စိုက်ပျိုးမှာ ဖြစ်ပါတယ်။

 

ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (RSCCI)အတွင်းရေးမှူး ဦးအောင်အောင်က “ရခိုင်မှာက စိုက်ပျိုးဧကတော့ မရှိဘူး။ ဘင်္ဂလားဒေ့ရှ်ဈေးကွက်ကိုတော့ ရှမ်း ပြည်နယ်ဘက်ကပဲ မှာပြီး တင်ပို့ နေကြတာ၊ ဆွေးနွေးထားတာကတော့ အာလူးရော စမ်းသပ် စိုက်ဖို့ပါတယ်၊ ဒါပေမဲ့ အာလူးက စိုက်ရာသီကုန်သွားတာကြောင့် ဒီနှစ်မှာတော့ မရတော့ဘူး˘လို့ ပြောပါတယ်။

 

ချင်းကို ပြည်တွင်းစားသုံးမှုအပြင် ဘင်္ဂလားဒေ့ရှ်ကို နှစ်စဉ် အမေရိကန်ဒေါ်လာသုံးသိန်းဝန်းကျင် တင်ပို့နေပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာသာ လက်ရှိ အဓိက စိုက်ပျိုးနေပါတယ်။

 

ကျွန်တော်တို့ အသင်းက ‘ချင်းသီးနှံ စမ်းသပ်စိုက်ပျိုးဖို့ UMFCCI ချင်းမျိုးတက်ပိဿာ ၁၀ဝ၀ စီ ပံ့ပိုးပေးမယ်၊ MFVP က စိုက်ပျိုးရေးနည်းပညာပံ့ပိုးကူညီမယ်၊ ကျောက်တော်ဒေသဖွံ့ဖြိုးရေးအများပိုင်ကုမ္ပဏီနဲ့ ရခိုင်ပြည်နယ် သမဝါယမအသင်းစုချုပ် လီမိတက် စတဲ့ အများပိုင်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ ဧက အနည်းငယ်စီ စမ်းသပ်စိုက်ပျိုးမယ်”လို့ ဦးအောင်အောင်က ပြောတယ်။

 

ချင်းတစ်ဧကကို မျိုးအပါအဝင် ထုတ်လုပ်မှု ကုန်ကျစရိတ် စုစုပေါင်း ကျပ်၁၀ သိန်းကနေ ၁၅ သိန်းအထိ ကုန်ကျမှာ ဖြစ်ပါတယ်။ တစ်ဧက အထွက်နှုန်းကတော့ ပိဿာ ၈၀ဝ၀ ရှိပါတယ်။ လက်ရှိ ပေါက်ဈေးက ကျပ်သိန်း ၄၀ ကနေ ကျပ်သိန်း ၅၀ ရှိပါတယ်။

 

အခုလို စမ်းသပ်စိုက်ပျိုးမှုတွေကို ပြည်နယ် အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူ အသင်း (MFVP)၊ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (RSCCI)၊ ဒေသခံအများပိုင် ကုမ္ပဏီတွေ ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

Source: Kumudra

Read times Last modified on Wednesday, 19 September 2018 11:22
Rate this item
(1 Vote)