Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အမေရိကန်နိုင်ငံသို့ ဖရဲ သခွားမွှေး စိုက်ပျိုးနည်းပညာများသင်ယူရန် တောင်သူတချို့ သြဂုတ်လတွင် သွားရောက်မည်

ဖရဲ၊ သခွားမွှေးစိုက်ပျိုးရန် မျိုးရွေးချယ်မှုနှင့် စိုက်ပျိုးနည်းပညာများ သင်ယူရန် တောင်သူတချို့သည် အမေရိကန်နိုင်ငံသို့ သြဂုတ်လတွင်

သွားရောက်လေ့လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ဥက္ကဋ္ဌထံမှ သိရပါတယ်။

 

ယင်းသင်တန်းသို့ တက်ရောက်ရန် တောင်သူများအား ကူညီပေးနေသည့် NGO အဖွဲ့အစည်းများမှ ပြည်တွင်းရှိ တောင်သူများနည်းပညာဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန် ခေါ်ယူရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ထိုသို့သွားရောက်ရာတွင် ပြည်တွင်းတွင် ဖရဲ၊ သခွားရာသီချိန်မတိုင်မီ သြဂုတ်လအတွင်း သွားရောက်မည်ဖြစ်ပြီး ဖရဲ၊ သခွားစိုက်တောင်သူငါးဦးအပြင် တခြားသီးနှံစိုက်တောင်သူများလည်း ပါဝင်မည်ဖြစ်ကြောင်း သွားရောက်လေ့လာမည့် မိတ္တီလာမြို့နယ်တွင် ဖရဲနှင့် သခွားမွှေးဧက ၈၀ စိုက်ပျိုးထားသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယင်းအပြင် ယခုလအတွင်း ဖရဲစိုက်တောင်သူခုနစ်ဦးသည် ကုမ္ပဏီတစ်ခု၏ အကူအညီဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး GAP နည်းပညာများ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ သင်ယူကာ ခြံများတွင် သွားရောက်လေ့လာခဲ့ပြီး ပြည်တွင်းရှိ ဖရဲ၊ သခွားစိုက်တောင်သူများအား ဒေသအရောက် သင်တန်းများဖွင့်လှစ်ကာ ပြန်လည်မျှဝေလျှက်ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 13:42
Rate this item
(0 votes)