Fruits & Vegetables



မန္တလေးဈေးကွက် ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဈေးနှုန်းများ အခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

၀၁ စက်တင်ဘာ  ၂၀၂၃

 

ဆန်ဈေးကွက်အခြေအနေ

       

 မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန် ပေါ်ဆန်း ရွှေဘို ပေါ် ဆန်းတို့မှာ အသစ် မဝင်သေးခြင်း၊ မြို့တွင်း စားသုံးမှု ပုံမှန်ရှိခြင်းကြောင့် 

● ရန်ကုန် ပေါ်ဆန်း တစ်အိတ် ၁၂၅၀ဝ၀ ကျပ်

● ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၅၀ဝ၀ဝ ကျပ်ဖြင့် 

ဈေး တည်ငြိမ်နေသည်။

မနောသုခဆန်မှာ မိုးစပါးဝင်ချိန်နီးခြင်း အများဆုံးဆန်ဖြစ်ခြင်း၊ လှောင်သမား ထုတ်ရောင်းမှု ရှိခြင်းကြောင့် 

● မနောသုခဆန် တစ်အိတ် ၈၈၀ဝ၀ ကျပ်မှ ၈၅၀ဝ၀ကျပ် သို့ ဈေးနိမ့်သွား သည်။

        

ငစိန်ဆန်နှင့် ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှတဆင့် တင်ပို့သော ဆန်ဖြစ် ခြင်း၊ မိုးစပါး မဝင်သေးသော်လည်း လုပ်ငန်းသမားနှင့် အဝေးတင်ပို့ရမှု နည်းခြင်း ကြောင့် 

● ဇီယာဆန် တစ်အိတ် ၈၀ဝ၀ဝကျပ်၊ 

● ငစိန်ဆန် တစ်အိတ် ၆၅၀ဝ၀ကျပ်ဖြင့် 

ဈေး တည်ငြိမ် နေသည်။

ဧရာမင်းဆန်မှာ မြို့တွင်းစားသုံးမှုများခြင်း ပေါ်ဆန်းအစားထိုးစိုက်သော ဆန် ဖြစ်၍ အထွက် နည်း ၊ အဝင်နည်းခြင်း၊ အသစ်မဝင်သေးခြင်းကြောင့် 

● ဧရာမင်းဆန် တစ်အိတ် ၁၄၀ဝ၀ဝ ကျပ်ဖြင့် ဈေး တည်ငြိမ်နေ သည်။

 

ဆီထွက်သီးနှံနှင့် ဆီဈေးကွက်အခြေအနေ

 

         

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံး ဆန်/ဆီဆံ) ဈေးနှုန်းများ မိုးမြေပဲ ဝင်ချိန်နီးခြင်း လှောင်သမား ထုတ်ရောင်းမှုရှိခြင်း၊ လုပ်ငန်း သမားနှင့် တရုတ်ဝယ်လက်နည်းခြင်း ဆီစက်များ အဝယ်နည်းခြင်းကြောင့် 

● မြေပဲ (လုံးဆန်) အရည် အသွေး အကောင်းဆုံး ၁၀ဝ ပိဿာ ၈၃၀ဝ၀ဝ ကျပ်မှ ၇၈၀ဝ၀ဝ ကျပ်သို့လည်းကောင်း 

● ဆီဆံ (၁၀ဝ) ပိဿာ ၇၇၀ဝ၀ဝ ကျပ်မှ ၇၁၀ဝ၀ဝ ကျပ်သို့  ဈေးနိမ့်သွားသည်။

        

နှမ်းမျိုးစုံတို့အနက် နှမ်းဖြူမှာ မိုးနှမ်းဝင်ချိန် နီးခြင်း၊ တရုတ်ဝယ်လက်နှင့် လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် အရည်အသွေး အကောင်းဆုံး 

●  နှမ်းဖြူ ယခင်အပတ် ၄၅ ပိဿာ  ၄၃၅၀ဝ၀ ကျပ်မှ ၄၁၀ဝ၀ဝ ကျပ်သို့ လည်းကောင်း ဈေးနိမ့်သွားပြီး နှမ်းညိုမှာ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်း၊ အသစ် အဝင်နည်းသေးခြင်း ကြောင့် 

●  နှမ်းညို ၄၅ ပိဿာ ၄၂၀ဝ၀ဝကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

နှမ်းနက်မှာလည်း အသစ်ဝင်ချိန်နီးခြင်း တရုတ်ဝယ်လက်နည်းခြင်းကြောင့် 

●  နှမ်းနက် ၄၅ ပိဿာ ၃၂၀ဝ၀ဝ ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။ 

●  နှမ်းနီ (သစ်) ၄၅ ပိဿာ ၃၃၀ဝ၀ဝ ကျပ် 

●  နှမ်းဝါ ၄၅ ပိဿာ ၃၂၅၀ဝ၀ ကျပ် ဈေးရှိသည်။

        

ပန်းနှမ်းမှာ လက်ကျန်နည်းခြင်း၊ အသစ်စိုက်ချိန်နီးခြင်းကြောင့် 

●  ပန်းနှမ်း ၄၅ ပိဿာ ၂၀ဝ၀ဝ၀ ကျပ်ထိ ဈေးမြင့်နေသည်။ 

နေကြာမှာမူ မိုးနေကြာဝင်ချိန် ဖြစ်ခြင်းကြောင့် လှောင်သမား ထုတ်ရောင်းမှုရှိ ခြင်းကြောင့် 

●  နေကြာ ယခင်အပတ် ၂၇ ပိဿာ ၁၄၀ဝ၀ဝကျပ်မှ ၁၃၅၀ဝ၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

ဆီဈေးနှုန်းများအနေဖြင့် 

●  ပဲဆီတစ်ပိဿာ ၁၄၀ဝ၀ကျပ်မှ ၁၅၀ဝ၀ကျပ် 

●  နှမ်းဆီ တစ်ပိဿာ ၁၃၅၀ဝကျပ်၊ 

●  နေကြာဆီ တစ်ပိဿာ ၁၃၀ဝ၀ ကျပ် ၊ 

●  ပဲပုပ်ဆီ ၇၀ဝ၀ကျပ် ၊ 

●  မုန့်ညှင်းဆီ ၁၂၀ဝ၀ ကျပ် 

အသီးသီးဖြင့် ဈေးတည်ငြိမ်နေသည်။


စားဖိုဆောင်သီးနှံ ဈေးကွက်အခြေအနေ

        

 မန္တလေး ကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် စစ်ကိုင်း၊ မြင်းခြံ၊ ရွှေဘို မုံရွာ၊ မြင်းမူတို့မှ ကြက်သွန်နီများ ဝင်ရောက်သော်လည်း တရုတ်နှင့် ဘင်္ဂလားသို့ တင်ပို့မှုရှိ ခြင်းကြောင့် 

● ကြက်သွန်နီ ကြီးတစ်ပိဿာ ၃၄၀ဝ မှ ၃၇၀ဝ ကျပ် 

●  ကြက်သွန်နီ လတ် တစ်ပိဿာ ၃၃၀ဝကျပ်မှ ၃၅၀ဝကျပ်

●  ကြက်သွန်နီ သေး တစ်ပိဿာ ၂၈၀ဝမှ ၃၀ဝ၀ ကျပ်၊ သို့ ဈေးအသီးသီးမြင့်သွားသည်။

        

ကြက်သွန်ဖြူ ဈေးနှုန်းအနေဖြင့် အဝင်ပုံမှန်၊ စားသုံးမှု ပုံမှန်ရှိခြင်း ကြက်သွန်ဖြူ (ရှမ်း) ဝင်ရောက်မှုရှိခြင်းကြောင့်

● ကြက်သွန်ဖြူ ယခင်အပတ် တစ်ပိဿာ ၈၂၀ဝကျပ် မှ ၈၀ဝ၀ကျပ်သို့ ဈေးနိမ့်သွားသည်။ 

● ကြက်သွန်ဖြူ (ရှမ်း) မှာ ယခင်အပတ်အတိုင်း တစ်ပိဿာ ၈၀ဝ၀ကျပ်မှ ၉၀ဝ၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။

      

 အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးများ ပုံမှန်ဝင်ရောက်ပြီး မြို့တွင်း စားသုံးမှုနည်းခြင်ကြောင့် 

●  အာလူး တစ်ပိဿာ ၂၃၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 အောင်ပန်းအာလူးမှာ ဈေးမြင့်သဖြင့် ခူး ဆွတ်စ နုနေသဖြင့် အထားမခံခြင်းကြောင့် အရောင်းအဝယ် နည်းနေသည်။

 

ချင်းဈေးနှုန်းအနေဖြင့် ဘင်္ဂလား၊ အိန္ဒိယသို့ ပင်ရင်းဒေသမှ တင်ပို့မှုရှိခြင်း ကြောင့် 

●  ချင်း တစ်ပိဿာ ၅၂၀ဝ ကျပ်မှ ၆၀ဝ၀ကျပ်သို့ ဈေးမြင့်သွားသည်။

 

ပဲမျိုးစုံဈေးကွက်အခြေအနေ

        

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်း အနေဖြင့် မတ်ပဲဈေးနှုန်းမှာ အသစ်စိုက်ချိန်နီးခြင်း၊ 

လှောင်သမားထံတွင် လက်ကျန် နည်းခြင်းကြောင့် ရန်ကုန်ဝယ် လက်နည်းသော်လည်း 

● မတ်ပဲ ၆၀ ပိဿာ ၂၃၅၀ဝကျပ်မှ ၂၄၀ဝ၀ဝ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲတီစိမ်း (အညာ)မှာ မိုးပဲတီစိမ်းဝင်ချိန်နီးခြင်း၊ ထွက်ရှိရာဒေသအလိုက် အရည်အသွေး ကွာခြားမှုရှိခြင်းကြောင့် 

● ပဲတီစိမ်း (အညာ) ၃တင်းတစ်အိတ် ၁၄၅၀ဝ၀ ကျပ်မှ ၁၆၆၀ဝ၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

        

ပဲစဉ်းငုံ၊ (ဖြူ/နီ) တို့မှာ အဟောင်းလက်ကျန်နည်းခြင်း အသစ်စိုက်ထားဆဲ ကာလဖြစ်ခြင်း ရန်ကုန်ဝယ်လက်နည်းခြင်းကြောင့် 

● ပဲစဉ်းငုံ (နီ)  ယခင်အပတ်  ၆၀ ပိဿာ ၃၃၅၀ဝ၀ ကျပ်မှ ၃၅၀ဝ၀ဝ ကျပ်သို့ ဈေးမြင့်သွားပြီး 

● ပဲစဉ်းငုံ (ဖြူ)မှာ ၃၀ဝ၀ဝ၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

        

ပဲပုတ်၊ (ရှမ်း/မြန်မာ) တို့မှာ မိုးပဲပုတ်မဝင်သေးခြင်း၊ လုပ်ငန်းသမား အဝယ် ပုံမှန်ရှိခြင်းကြောင့် 

● ပဲပုတ် (မြန်မာ) ၃တင်း ၁အိတ် ၂၅၀ဝ၀ဝ ကျပ်

● ပဲပုတ် (ရှမ်း) မိုးညှင်း ၁၇၇၀ဝ၀ကျပ် 

● ပဲပုတ် (ရှမ်း) မိုးမိတ် ၁၆၉၀ဝ၀ ကျပ်

 ဖြင့် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။

        

ကုလားပဲဈေးနှုန်းအနေဖြင့် လုပ်ငန်းသမား စက်သမားအဝယ်နည်းခြင်း ကြောင့် လက်ကျန်နည်းသော်လည်း 

● ကုလားပဲ (ကုဖြူကြီး) ၃တင်းတစ်အိတ် ၂၇၂၀ဝ၀ ကျပ် 

● ကုလားပဲ (လုံးဝါကြီး)၊ ၂၆၅၀ဝ၀ ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။

လုံးဝါကြီး ဈေးနိမ့်သဖြင့် ခွဲခြမ်းဈေးမှာလည်း ဈေးနိမ့်သဖြင့် 

● ကုလားပဲ (ခွဲခြမ်း) တစ်ပိဿာ ၆၅၀ဝကျပ်မှ ၆၃၀ဝသို့ ဈေးနိမ့်သွားသည်။

       

 ပဲကြီး (ကြီး/သေး)၊ ထောပတ်ပဲ (ကြီး/သေး)တို့မှာ မိုးပဲ မဝင်သေးခြင်း၊ လှောင် သမားထံမှ ဝယ်ရခြင်းကြောင့် 

● ပဲကြီး ၃တင်းတစ်အိတ် ၃၁၅၀ဝ၀ ကျပ်၊

● ပဲကြီး (သေး) ၂၉၀ဝ၀ကျပ်၊

● ထောပတ်ပဲ (ကြီး) ၃၇၀ဝ၀ဝကျပ်၊

● ထောပတ်ပဲ (သေး) ၃၅၀ဝ၀ဝ ကျပ်

အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။

       

ပဲယင်းမှာ စတင်စိုက်ပျိုးစ လက်ကျန်နည်းခြင်းကြောင့် 

● ပဲယင်း ၁၇၃၀ဝ၀ ကျပ် မှ ၁၈၀ဝ၀ဝ ကျပ်သို့ 

ဈေးမြင့်သွားပြီး  မြေထောက်ပဲမှာလည်း ပဲအရည်အသွေး ပေါ်မူ တည်၍ ဈေးကွာခြားခြင်း၊ လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့်

● မြေထောက်ပဲ  ၃၃၀၀ဝ၀ကျပ်မှ ၃၈၀ဝ၀ဝ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

 

စားတော်ပဲ ကျွန်းမှာ လက်လီသမား အဝယ်ပုံမှန်ရှိခြင်း၊ လက်ကျန်နည်းခြင်း ကြောင့် 

● စားတော်ပဲ(ကျွန်း) ၃တင်း တစ်အိတ် ၄၀ဝ၀ဝ၀ကျပ်

ဖြင့် ဈေးတည်ငြိမ်နေသည်။ 

ပဲလွန်းဖြူမှာလည်း လက်ကျန်နည်းခြင်း၊ ပစ္စည်းရှားခြင်းကြောင့် 

● ပဲလွန်းဖြူ  ၃တင်း တစ်အိတ် ၁၇၅၀ဝ၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး 

● ပဲလွန်းပြာမှာ  ၃တင်း တစ်အိတ် ၁၈၀ဝ၀ဝ ကျပ်မှ ၁၉၅၀ဝ၀ ကျပ် ၊ သို့ ဈေးမြင့်သွားသည်။

       

ဟင်းသီးဟင်းရွက်နှင့် အသီး ဈေးကွက် အခြေအနေ

 

မန္တလေးသီရိမာလာ ဈေးတွင် ဟင်းသီဟင်းရွက် ဈေးနှုန်းအနေဖြင့် 

 

ခရမ်းချဉ် (ရှမ်းတောင်)မှာ အဝင်နည်းခြင်း ကြောင့် ၂၀ပိဿာ တစ်သေတ္တာလျှင် ၄၃၀ဝ၀ကျပ်၊ 

ရွာငံသီး တသေတ္တာ ၂၇၀ဝ၀ ကျပ်ဈေးဖြင့်၊လုံးခင်း မြစ်ကြီးနားနှင့် အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။

     

ပန်းမုံလာ၊ ဂေါ်ဖီထုပ်များ ဝင်ရောက်မှုများခြင်းကြောင့် အရည်အသွေးအပေါ် မူတည်၍ 

● ပန်းမုံလာတစ်ပွင့် ၅၀ဝ မှ ၈၀ဝကျပ်၊ 

● ဂေါ်ဖီတစ်ထုပ် ၆၀ဝ ကျပ်သို့ ဈေးနိမ့် သွားသည်။ 

 

ဘိုစားပဲသီးများ အောင်ပန်းမှ ဝင်ရောက်ပြီး 

● ဘိုစားပဲသီး တစ်ပိဿာ ၂၂၀ဝ ကျပ်ဈေး ရှိသည်။ 

 

ငရုတ်စို ဈေးနှုန်းအနေဖြင့် ငရုတ်စို (ရှည်) မှာ တပ်ကုန်းဘက်မှ အဝင်များ ခြင်း၊ နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် 

● ငရုတ်စို (ရှည်) တစ်ပိဿာ ၁၉၀ဝ ကျပ်

 သို့ ဈေးနိမ့်သွားပြီး ၊ ငရုတ်စို (လတ်)မှာ ပုသိမ်ကြီး၊ ပြင်ဦးလွင်မှ ဝင်ရောက်ပြီး 

● ငရုတ်စို (လတ်) တစ်ပိဿာ ၅၀ဝ၀ ကျပ်

ဖြင့် ငပိထောင်း၊ လက်ဖက်သမားများ ပုံမှန်ဝယ်ယူမှုရှိသည်။

       

 

သစ်သီးဝလံ ဈေးနှုန်းအနေဖြင့် 

● ဖရဲသီး ၃ပိဿာတစ်လုံးလျှင် ၁၅၀ဝ ကျပ်၊ 

● သခွားမွှေး၊ ဝူခုန်း သခွား၊ ရွှေသခွား အလွတ်တစ်လုံးလျှင် ၂၃၀၀ကျပ်၊ ၄လုံး ၁ဖာ ၇၀ဝ၀ မှ ၈၀ဝ၀ ကျပ်၊ 

● ဖရဲသခွား ၃လုံး တစ်ဖာ ၇၀ဝ၀ မှ ၈၀ဝ၀ ကျပ်ဈေးဖြင့် ရောင်းဝယ်နေသည်။ 

 

မြင်းမူ၊ ကျောက်ဆည်တံတားဦးတို့မှ သင်္ဘောသီးများ ဝင်ရောက်ပြီး 

● သင်္ဘောသီး ၂လုံးတွဲ တစ်ထုပ် ၂၅၀ဝ ကျပ် ၊ တစ်လုံး  ၃၀ဝ၀ ကျပ်

 ဖြင့် လာရှိုး၊ မူဆယ်နှင့် အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။

 

Source MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 01 September 2023 17:52
Rate this item
(0 votes)